7 July ကျောင်းသားတွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံကိုကျောင်းသားတွေ ဆန္ဒပြ

0
151
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

PHOTO: Yangon University Students’ Union

ဇူလိုင်လ(၂၀)ရက်၊ ၂၀၁၉။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ဇူလိုင်လ(၂၀)ရက်နေ့ ရန်ကုန်တက္ကသိုလ်ထဲကို လာတဲ့အချိန် ကျောင်းသားတစ်ချို့က အချက်လေးချက်ကို တောင်းဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။

သူတို့တွေဟာ ပုဒ်မ(၁၉)နဲ့ဖမ်းဆီးထားတဲ့ကျောင်းသားတွေချက်ချင်းလွှတ်ပေးရေး၊ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းအောင်သပြေကျေးရွာကကိုးတန်းကျောင်းသား မောင်ထူးဝေယံကိုလွှတ်ပေးရေး၊ ကျောင်းသူတွေ လိင်အကြမ်းဖက်ခံရတာတွေကိုဖြေရှင်းပေးရေးနဲ့ ဖိနှိပ်ထားတဲ့ အဆောင်စည်းကမ်းတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

“ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့နိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ ဒီလိုမျိုး ဖမ်းဆီးခံထားရတာတွေကို သူ့ကိုသိစေချင်တယ်။ ကျောင်းသားတွေဖိနှိပ်ခံနေရတဲ့ဟာတွေကို သူ့ကိုသိစေချင်တယ်။ ကျောင်းသူတွေလိင်အကြမ်းဖက်ခံနေရတာတွေကို သူတို့ကထိထိရောက်ရောက် မလုပ်တဲ့အတွက်ချပြတာပါ” လို့ ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ မအိသီရိကျော်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်းထောက်အကြီးအကဲအဖြစ် ကတိသစ္စာခံယူဖို့ နဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနားအတွက် ကံ့ကော်ပင်စိုက်ဖို့ ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်းတက္ကသိုလ်ကိုသွားခဲ့တာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗီနိုင်းတွေကိုကြည့်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတရားဖမ်းဆီးခံထားရတာ မှန်ရင်ပြန်လွတ်မှာဖြစ်တယ်ဆိုတဲ့အကြောင်း ကျောင်းသားတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ပြန်ထွက်သွားချိန်မှာတော့ ကျောင်းသားတွေကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့က ညှိနှိုင်းဖြေရှင်းပေခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျောင်းသားတွေက အာဇာနည်နေ့ချီတက်တာကိုမေးခွန်းထုတ်ခဲ့တဲ့အတွက်
အဲဒီလိုလုပ်ဖို့ သူကိုယ်တိုင် ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြန်ဖြေရှင်းခဲ့ပါတယ်။

“အခု 7th July နဲ့ ပတ်သက်ပြီး ဒီထဲမှာပွဲလုပ်တယ် ကျွန်တော်တို့ဘာမှမပြောဘူး။ ဒါပေမဲ့ စီတန်းလှည့်လည် ဆောင်ရွက်မယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှုနဲ့ အညီဆောင်ရွက်စေချင်တယ်” လို့လည်း ကျောင်းသား တွေကို ပြောခဲ့ပါတယ်။

အဲဒီလို ညှိနှိုင်းမှုမှာပြေလည်မှုမရှိခဲ့အတွက် ကျောင်းသားတွေက ထပ်ပြီးလှုပ်ရှားမှုတွေလုပ်သွားမယ်လို့လည်း သိရပါတယ်။