90’s Kid တို့ရဲ့ အသည်းကျော် Toy Story ရဲ့ Woody လေးပြန်လာတော့မှာပါ

0
204
Toy Story

၂၀၁၄ကတည်းကစခဲ့တဲ့ Toy Story 4 ကို အခုလာမယ့် ဇွန်လ ၂၁ ရက်မှာ တကယ် ပြသတော့မှာဖြစ်ပါတယ် ။ ဒီToy story 4 အတွက်တော့ Woody ပရိသတ်တွေ ရင်ခုန်နေလောက်ပြီး Toy Story 4 Official Trailer ကိုလည်း
လွန်ခဲ့တဲ့ (၂)လောက်က စတင်ပြသခဲ့တာဖြစ်ပါတယ်။

နောက်ထပ် Toy Story 4 Official Trailer 2 ကိုတော့ မေလ(၂၂)ရက်နေ့က ထပ်ထုတ်လွှင့်ခဲ့ပြီး အဲဒီကားကို
၂၀၁၇ ဇွန်လ ၁၆ရက်နေမှာ ထွက်လာမယ်လို့ ဆိုခဲ့ပေမဲ့ အခုမှသာ ထွက်ရှိလာတာ ဖြစ်ပါတယ်။

Toy Story ကို ၁၉၉၅ခုနှစ် က Pixar Animation Studio ကထုတ်လုပ်ပီ Walt Disney Pictures က ဖြန့်ချိထားပါတယ်။

Toy Story ဟာ စွန့်စားခန်းတွေ ဟာသတွေ နဲ့ရသစုံပါဝင်တာကြောင့် ဒီကာတွန်းကားလေးကို လူကြီးကော
လူငယ်ကောပါကြိုက်နှစ်သက်ကြပါတယ်။

ဒီကာတွန်းထဲက အသံ သရုပ်ဆောင်တွေကလဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြပါတယ်။

ပထမဆုံး Toy Story ကာတွန်းကားကို ၁၉၉၅ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့မှာ စတင်ပြသခဲ့ပြီး ဝင်ငွေ (၃၇၃)သန်းကျော်ရရှိခဲ့ပါတယ်။ ပရိသတ်တွေတော်တော်များများရဲ့ ရင်ထဲကို Woody ဆိုတဲ့ ကောင်းဘွိုင်အရုပ်လေး စတင်ရောက်ရှိလာခဲ့ပါတယ်။

Toy Story 2 ကိုတော့ ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ စတင်ပြသခဲ့ပါတယ်။ ဒုတိယကားလေးကတော့ ပထမကား ထပ်ပိုအောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ဝင်ငွေ ၄၉၇သန်းကျော်ရရှိခဲ့ပါတယ်။

Toy Story 3 ကိုတော့ ၂၀၁၀ ဇွန်လ ၁၈ မှာ ပြသခဲ့ပါတယ်။ Toy Story 2 နဲ့ 3 ကြားမှာ ၁၁နှစ်လောက်ကြာခဲ့ပါတယ်။ ပထမကားနဲ့ဒုတိယကားထပ် ဝင်ငွေပိုကောင်းခဲ့ပြီး ၁ဘီလီယံကျော် ရခဲ့ပါတယ်။ Blu Ray နဲ့ DVD ကိုတော့ ၂၀၁၀ နိုဝင်ဘာ ၂ရက်နေ့မှာထုတ်လုပ်ခဲ့ ပါတယ်။

Woodyနဲ့ Buzzတို့အကြောင်းကတော့ Toy Story 3 မှာအဆုံးသတ်ခဲ့ပါတယ်။ ကဲ Toy Story ရဲ့ ပရိသတ်တွေလည်း ရုံတင်တော့မှာ ဖြစ်တဲ့အတွက် ရင်ခုန်ခံစားလို့ ရတော့မှာပဲဖြစ်ပါတယ်။

REF: Wiki and Twitter
PHOTO: Toy Story 4