ပိတ်သိမ်းလိုက်တဲ့ ဆင်းကဒ်တွေထဲက ကျပ်သန်း(၁၇၀၀)ကျော်ကို ကိုဗစ်အတွက်လှူဒါန်း

0
56
O Media
O Media

အောက်တိုဘာ(၂၀)ရက်၊ ၂၀၂၀။

မှတ်ပုံမတင်လို့ ပိတ်သိမ်းခံလိုက်တဲ့ ဆင်းကဒ်(၃၄)သန်းကျော်ထဲက လက်ကျန်ငွေ ကျပ်(၁၇၂၂)သန်းကျော်ကို ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို လှူဒါန်းလိုက်တယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

အောက်တိုဘာလ(၁၉)ရက်နေ့က ကိုဗစ်ဗဟိုကော်မတီကို အလှူငွေပေးအပ်တဲ့အခမ်းနားမှာ ဦးသန့်စင်မောင်က ပြောခဲ့တာလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆင်းကဒ်တွေ အချက်လက်မှန်ကန်အောင် ဇွန်လ(၃၀)ရက်နေ့ နောက်ဆုံးထားမှတ်ပုံတင်ဆောင်ရွက်ဖို့ ကြေညာခဲ့ပေမဲ့ မှတ်ပုံမတင်တဲ့ ဆင်းကဒ်တွေရှိတာကြောင့် ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ(၃၁)ရက်နေ့ကလည်း မှတ်ပုံတင်မထားတဲ့ ဆင်းကဒ်(၆)သန်းကျော်ကိုပိတ်သိမ်းခဲ့ပြီး အဲဒီကဒ်တွေထဲက လက်ကျန်ငွေ ကျပ်(၁၅၇၃)သန်းကျော်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။