တံခါးပိတ်ဆွေးနွေးပွဲတစုံတရာ ထုတ်ပြန်ချက် မထုတ်နိုင်

0
32
O Media
O Media

Photo : AFP

မြန်မာကို စစ်ရေးအရ အရေးယူမယ့် အစီအစဉ် တရုတ်၊ ရုရှား၊ ဗီယက်နမ်နဲ့ အိန္ဒိယ ကန့်ကွက်

မတ်လ (၆)ရက်၊ ၂၀၂၁။

ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းနေတဲ့ မြန်မာစစ်အစိုးရကို စစ်ရေးအရ အရေးယူမယ့်အပေါ် တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ အိန္ဒိယတို့က ကန့်ကွက်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Dailymail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့လို့ လူသေဆုံး၊ ဒဏ်ရာရရှိတာတွေ အများအပြားရှိလာတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ အဲဒီနိုင်ငံတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂန်နာက မြန်မာအာဏာသိမ်း စစ်တပ်စီစဉ်တဲ့ အလုပ်မှန်သမျှကို ဆန့်ကျင်ကြောင်း၊ မြန်မာပြည်သူတွေအနေနဲ့ အရင်က ရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုမှန်သမျှထက် ပိုကောင်းတဲ့ စည်းလုံးမှုရှိရမှာဖြစ်ပြီး စစ်တပ်ဘက်က ဖိနှိပ်မှုမှန်သမျှ မဖြစ်မနေရပ်တန့်ရမယ်လို့ တံခါးပိတ်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက်လေ့လာသွားမယ်၊ အခြေအနေ ပိုမိုဆိုးရွားလာရင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ ဖြစ်နိုင်ချေရှိတဲ့အစီအမံတွေကိုစဉ်းစားဖို့ အဆင်သင့် ရှိနေပါလိမ့်မယ်။”လည်း ခရစ်စတင်းဘာဂန်နာက ပြောခဲ့ပါတယ်။

ဒါ့ပေမဲ့ မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာအပါအဝင် မြန်မာစစ်တပ်ကို ထပ်မံ အရေးယူတာတွေလုပ်ဖို့အတွက် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတိုင်းက သဘောတူလက်ခံမှ ဖြစ်နိုင်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ် က‌ ဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အတွက် ရေငုပ်သင်္ဘောတစ်စီး လက်ဆောင်ပေးခဲ့တဲ့ အိန္ဒိယကလည်း မြန်မာ့အရေးမှာ ပါဝင်ဖို့က အနည်းငယ်အခက်အခဲရှိနေပြီး သံတမန်ရေးဟန်ချက်ညီဖို့ လိုအပ်နေတယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

Ref : Dailymail