အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုရပ်မယ်လို့ NCA ထိုးထားတဲ့အဖွဲ့တွေကြေညာ

0
29
O Media
O Media

Photo : NCA-S EAO

{ Breaking News }

ဖေဖော်ဝါရီ(၂၀)ရက်၊ ၂၀၂၁။

အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးညိနှိုင်းတာတွေကို ရပ်ဆိုင်းထားမယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

မနေ့ ဖေဖေါ်ဝါရီ(၁၉)ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အထူးအစည်းဝေးကျင်းပပြီးတဲ့အချိန် ဘုံသဘောထားရပ်တည်ချက်ကို အခုလိုကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုကိုလည်း အပြည့်အဝထောက်ခံပြီးတော့ အဲဒီလှုပ်ရှားမှုအတွက် လိုအပ်တဲ့ပံပိုးမှုတွေကိုလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုအပေါ် အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ နှိမ်နှင်းတာကို ဆန့်ကျင်ကန့်ကွက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။