O Media

ဒဏ်ရာရလူနာသွားခေါ်တဲ့လူနာတင်ကားကို ရဲတပ်ဖွဲ့ဖျက်ဆီးပြီး ပရဟိသမား(၄)ယောက်ကိုဖမ်း

3 Mar
ရန်ကုန်၊ မြောက်ဥက္ကလာမှာ ဒီနေ့ လူနာတင်ကားနဲ့ ဒဏ်ရရသူတွေကို သွားခေါ်တဲ့အချိန် လူနာတင်ကားကို ရဲတပ်ဖွဲ့ကဖျက်ဆီးခဲ့ပြီးတော့ ပရဟိတသမား(၄)ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်မြတ်စိတ်ထား ဘိုးဘွားစောင့်ရှောက်ရေး အသင်းက တာဝန်ရှိသူတစ်ယောက်က O Media ကို ပြောပါတယ်။
O Media

တပ်နဲ့ရဲရဲ့အကြမ်းဖက်မှုကြောင့် မန္တလေးမှာလူငယ်(၂)ယောက်သေဆုံး

3 Mar
မန္တလေးမှာ တပ်နဲ့ရဲရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ယောက် ဒီနေ့မနက်သေဆုံးသွားခဲ့ပါတယ်။
O Media

မြင်းခြံမှာ ပြည်သူအယောက်(၂၀)လောက်ကျည်ထိပြီး တစ်ယောက်ခေါင်းထိသေဆုံး

3 Mar
ဒီနေ့ မတ်လ(၃)ရက်နေ့ မနက်ပိုင်းက မြင်းခြံမြို့မှာပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်ပူးပေါင်းအဖွဲ့က ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ပြည်သူအယောက်(၂၀)လောက် ကျည်ထိမှန်ခဲ့ပြီး တစ်ယောက်ခေါင်းထိ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
O Media

မြဝတီမှာ ရဲအင်အား(၁၀၀)ကျော်က ဆန္ဒပြလူစုကို ဝင်ရောက်ဖမ်းဆီးလို့ (၁၀)ယောက်ကျော်ဖမ်းခံရ

3 Mar
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဒီနေ့မတ်လ(၃)ရက်နေ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုနေချိန် ရဲအင်အား(၁၀၀)ကျော်က ဝင်ရောက်ဖမ်းဆီးတာကြောင့် (၁၀)ယောက်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက O Media ကို ပြောပါတယ်။
O Media

မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးဖို့ ဗြိတိန်တိုက်တွန်း

3 Mar
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန် အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် အချိန်အတွင်း မြန်မာနိုင်ငံအရေး တံခါးပိတ်အစည်းအဝေးတစ်ရပ် မတ်လ (၅)ရက်နေ့မှာ ပြုလုပ်ဖို့ ဗြိတိန်က တိုက်တွန်းခဲ့ကြောင်း အေအက်ဖီသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
O Media

လှည်းတန်းဗဟိုလမ်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပြည်သူကို ရာဘာကျည်နဲ့ အကြောင်းမဲ့...

3 Mar
ဒီနေ့ မတ်လ(၃)ရက်နေ့ မနက်ပိုင်းက လှည်းတန်း(ဗဟိုလမ်း)နဲ့ ပဒေသာလမ်းထောင့်မှာရှိတဲ့ သုခအောင် လက်ဖက်ရည်ဆိုင်ထဲကို ရဲနဲ့စစ်တပ်ပူးပေါင်းအဖွဲ့ဟာ (၁၆) ပေ ခုံးတားပေါ်ကနေ ရာဘာကျည်နဲ့အကြောင်းမဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတစ်ယောက် ညာဘက်လက်မ တစ်ဝက်လောက် ကြေမွဒဏ်ရာ ရရှိခဲ့ပါတယ်။
O Media

LA ရဲ့ မြန်မာသံရုံးအုပ် CDM လုပ်မယ့်အပေါ်...

3 Mar
လော့စ်အိန်ဂျယ်လိစ်မြို့မှာ သံရုံးအုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မြမြကြည်ဟာ စစ်အာဏာသိမ်းကောင်စီရဲ့ တရားမဝင်အမိန့်ထုတ်ပြန်ချက်တွေကို မနာခံဘဲ CDM လုပ်မယ့်အပေါ် ကြိုဆိုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန(Page)ကနေ ဒီနေ့ရေးသား ဂုဏ်ပြုထားပါတယ်။
O Media

ရန်ကုန်မှာ ပြည်သူ့ကင်းသမားတစ်ယောက်သေနတ်နဲ့အပစ်ခံရလို့ လည်ပင်းနဲ့လက်မောင်းမှာ ဒဏ်ရာရ

3 Mar
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (သမိုင်း) (၈)လမ်းမှာ ဒီနေ့ညပိုင်းက လမ်းလုံခြုံ ‌ရေး‌စောင့်သူတစ်ယောက်ကို လူတစ်‌ယောက်က ‌သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် လည်ပင်းနဲ့ လက်မောင်းမှာဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေက O Media ကို ပြောပါတယ်။
O Media

အာဆီယံကို တံခါးဖွင့်ပေးဖို့ မြန်မာစစ်ကောင်စီကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ...

3 Mar
နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဦးဝင်းမြင့်ကို ချွင်းချက်မရှိလွှတ်ပေးဖို့နဲ့ အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံနိုင်ငံတွေအတွက် တံခါးဖွင့်ပေးဖို့ လိုအပ်တယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
O Media

စစ်အာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားတဲ့ မောင်ဟိန်းထွဋ်အောင်အတွက် ဆုတောင်းပွဲလုပ်

3 Mar
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမှာ ‌ဖေဖော်ဝါရီလ(၂၈)ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ချိန် စစ်တပ်နဲ့ ရဲပူးပေါင်းအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ကျဆုံးသွားတဲ့ တောင်ဒဂုံမြို့နယ်က မောင်ဟိန်းထွဋ်အောင်ကိုဆုတောင်းပေးတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။