စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေ အောက်တိုဘာ(၁)ရက်နေ့ကစပြီး ကြိုတင်မဲပေးနိုင်ပြီ

0
109
O Media
O Media

Photo : Google Maps (Embassy of Myanmar)

စက်တင်ဘာ(၂၂)ရက်၊ ၂၀၂၀။

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်တိုဘာလ(၁)ရက်ကနေ့ (၁၈)ရက်အတွင်း လာရောက်မဲပေးကြဖို့ စင်ကာပူမြန်မာသံရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးမယ့်ရက်ကို သံရုံးဝက်ဆိုဒ်ကနေ အကြောင်းကြားပြီးတော့ သွားပေးရမှာပါ။

ဒါ့အပြင် မဲပေးဖို့အတွက် မြန်မာနိုင်ငံကူးလက်မှတ်၊ စင်ကာပူနိုင်ငံမှာနေထိုင်ခွင့်ကတ်ပြားနဲ့အတူ bar code ပါတဲ့ Queue Appointment Confirmation Letter ကိုပါ ယူဆောင်လာဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မဲရုံဖွင့်တဲ့ရက်တွေမှာ မဲပေးသူတွေကို စိတ်အနှောင့်ယှက်ဖြစ်အောင်ဆောင်ရွက်တာတွေ၊ ပါတီအင်္ကျီ၊ ရင်ထိုးခေါင်းစည်းဝတ်ဆင်တာတွေ၊ အသံချဲ့စက်သုံးစွဲတာတွေ၊ အောာ်ဟစ်ခိုက်ရန်ဖြစ်ပွားတာတွေနဲ့ နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းမယ့်အပြုအမူတွေ မလုပ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပသွားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း(၆၉၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။