ကိုဗစ်အတွက်ပံ့ပိုးပေးရမယ့်ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းတင်ပြဖို့ ဒေါက်တာမြင့်ထွေးပြော

0
83
O Media
O Media

Photo : MOHS

စက်တင်ဘာ(၂၆)ရက်၊ ၂၀၂၀။

ကိုဗစ်ကြောင့် ဝန်ကြီးဌာနက ပံ့ပိုးပေးရမယ့်ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားတင်ပြပေးဖို့ ကျန်းမားရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီနေ့ပြောကြားလိုက်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၆)ရက်နေ့ကျင်းပတဲ့ ကိုဗစ်လူနာတွေကုသရေး၊ Quarantine ကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းက ဆေးရုံအုပ်၊ ကုသရေးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အချိန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ဖြည့်ဆည်းပေးနိုင်ဖို့ အစီအစဉ်အမျိုးမျိုးကို ချမှတ်ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သေဆုံးမှုကျဆင်းဖို့ အထူးကုဆရာဝန်ကြီးတွေ ကြိုးစားကုသနေရပြီး လူနာသေဆုံးမှုကျဆင်းရေးအတွက် ဆေးရုံအုပ်ကြီးတွေရဲ့ အခန်းကဏ္ဍကအရေးကြီးတယ်လို့လည်း ဒေါက်တာမြင့်ထွေးကပြောကြားခဲ့ပါသေးတယ်။

ဒီနေ့စက်တင်ဘာလ(၂၆)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ(၉၉၉၁)ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်လာတဲ့သူ(၂၆၈၁)ယောက်နဲ့ သေဆုံးသူ(၁၉၈)ယောက် ရှိနေပါတယ်။