မြန်မာနိုင်ငံကို စီးပွားရေးထပ်တိုးပိတ်ဆို့မှု အမေရိကန်ပြုလုပ်၊ ပို့ကုန်လုပ်ငန်းတွေရပ်ဆိုင်း

0
105
O Media
O Media

Photo : AFP

မတ်လ(၆)ရက်၊ ၂၀၂၁။

စစ်အာဏာသိမ်းအစိုးရက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထပ်တိုးပြုလုပ်မှုတွေပြုလုပ်ခဲ့ပြီး ပို့ကုန်လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာတဲ့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တင်ပို့တာတွေ၊ ပြန်လည်တင်ပို့တာတွေကို ကန့်သတ်မှုတွေ ထပ်တိုးလိုက်တာလို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စက်မှုနဲ့ လုံခြုံရေးဗြူရို (BIS) က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပို့ကုန်စည်းမျဥ်း (EAR) အရ အမေရိကန်ကုန်ပစ္စည်းတွေ၊ နည်းပညာ တွေကို မြန်မာစစ်အစိုးရက ရယူနိုင်မှုမရှိစေဖို့ ပိတ်သိမ်းလိုက်တာ ဖြစ်သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်အသက်ဝင်လာစေရမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထပ်တိုးပိတ်ဆို့မှုပြုလုပ်ခဲ့တဲ့ စာရင်းထဲမှာ စစ်တပ်စီမံခန့်ခွဲမှု အောက်မှာရှိတဲ့ လုံခြုံရေးပိုင်းစာရင်းဝင်တဲ့ ကုမ္ပဏီနှစ်ခုနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီနှစ်ခုကိုပါ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံဟာ ကုန်သွယ်မှုကန့်သတ်တဲ့နိုင်ငံတွေကို အဆင့်ခွဲခြားထားပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ကုန်သွယ်ဘက်အုပ်စု Group B အဖြစ်သတ်မှတ်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ အဆင့်ပိုနိမ့်သွားတဲ့ Group D:1 အဖြစ် အဆင့်နှိမ့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အခုလိုသတ်မှတ်လိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုအဆင့်ဟာ တရုတ်၊ ရုရှား၊ ဗင်နီဇွဲလားနိုင်ငံတို့နဲ့ အတူတူဖြစ်သွားကြောင်းလည်း ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Ref : Commerce Gov