ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုတာ ဘာလဲ

0
37
O Media
O Media

Photo : UCC

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ စတင်ပြီးစည်းခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီကို ဘယ်လိုဖွဲ့စည်းထားတာလဲ

လုံခြုံရေးကောင်စီကို အမြဲတမ်းနဲ့ အလှည့်ကျအဖွဲ့ဝင် (၁၅) နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး P5 လို့ခေါ်တဲ့ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့က ဗီတိုအာဏာသုံးစွဲခွင့်ရှိတဲ့ အမြဲတန်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်ပါတယ်။

ကျန်တဲ့တခြားအဖွဲ့ဝင် ဆယ်နိုင်ငံကိုတော့ နှစ်နှစ်သက်တမ်းနဲ့ အလှည့်ကျအဖွဲ့ဝင်အဖြစ် တစ်နှစ်ကို ငါးနိုင်ငံနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရွေးချယ်ပေးတာ ဖြစ်ပါတယ်။

လက်ရှိ အလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေကတော့ အိန္ဒိယ၊ ဗီယက်နမ်၊ အက်စတိုးနီးယား၊ စိန့်ဗင်းဆင့်နဲ့ ဂရီနေဒါ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကစီကို၊ နိုင်ဂျာနဲ့ နော်ဝေနိုင်ငံတို့ ဖြစ်ပါတယ်။

အလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေဟာ မဲခွဲဆုံးဖြတ်ထားတဲ့ ကိစ္စတွေကို ထောက်ခံအကြံပြု၊ ကန့်ကွက်တာတွေပဲ ပြုလုပ်လို့ရတာ ဖြစ်ပါတယ်။

လစဉ်လတိုင်း ကောင်စီဥက္ကဋ္ဌတာဝန်ကို အလှည့်ကျ ပြောင်းလဲ တာဝန်ထမ်းဆောင်ရတာဖြစ်ပြီး အထွေထွေညီလာခံမှာ မဲသုံးပုံ နှစ်ပုံနဲ့ တက်လာတဲ့ အမြဲတမ်းတန်း အဖွဲ့ဝင်မဟုတ်တဲ့ လုံခြုံရေးကောင်စီဝင် ဆယ်နိုင်ငံကိုပါ အာဂျန်ဒါချပိုင်ခွင့် ပေးထားပါတယ်။

လုံခြုံရေးကောင်စီရဲ့တာဝန်တွေက ဘာတွေလဲ

လုံခြုံရေကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ဆောင်ရွက်ရတာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိတဲ့အခြေအနေတွေမှာ ကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာ အပစ်အခတ်ရပ်စဲဖို့အတွက် ကြိုးပမ်းတာတွေ၊ ငြိမ်းချမ်းရေး ထိမ်းသိမ်းတဲ့ တပ်ဖွဲ့တွေ စေလွှတ်တာကို ပြုလုပ်ရပါတယ်။

အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုတွေကို ကုလသမဂ္ဂပဋိညာဉ် အခန်း (၆) နဲ့အညီ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ချမှတ်ထားပြီး စေ့စပ်မှု၊ ညှိနှိုင်းမှု သို့မဟုတ် အခြား ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အဖြေရှာရမှာ ဖြစ်ပါတယ်။

အဲဒီကြိုးပမ်းချက် မအောင်မြင်ရင်တော့ အခန်း (၇) အရ ပိတ်ဆို့အရေးယူတာတွေ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေး၊ ပြန်လည်တည့်မတ်ရေးအတွက် စစ်အင်အားအသုံးပြုခွင့် ပေးထားပါတယ်။

လုံခြုံရေးကောင်စီဝင်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ

ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်ဖြစ်ဖို့ သတ်မှတ်ချက်တွေမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးထိန်းသိမ်းနိုင်တာ၊ ငြိမ်းချမ်းမှု စစ်ဆင်ရေးတွေဆီကို တပ်ဖွဲ့ဝင်နဲ့ ငွေပေးပို့နိုင်တာနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ ခေါင်းဆောင်ပါဝင်နိုင်မှုတို့ လိုအပ်ပါတယ်။
စစ်အင်အားသုံးဖို့ လုံခြုံရေးကောင်စီ ခွင့်ပြုချက်လိုသလား

နိုင်ငံတစ်နိုင်ငံကို စစ်အင်အားအသုံးပြုပြီး ဝင်ရောက်ဖို့ ကုလသမဂ္ဂပဋိညာဉ်အရ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး ခွင့်ပြုပေးမှပဲ တရားဝင်မှာ ဖြစ်ပါတယ်။

Ref : Foreign Affair