YBS စီးတဲ့အခါ Card နဲ့ငွေချေတဲ့ စနစ် မကြာခင်အသုံးပြုနိုင်မယ်

0
219
လေထုညစ်ညမ်း
လေထုညစ်ညမ်း

ဇွန်လ(၆)ရက်၊ ၂၀၁၉။

YBS ကဒ်စနစ်ကိုမကြာခင်လပိုင်းထဲမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး အဲဒီကဒ်နဲ့ Water Bus၊ မီးရထားနဲ့ ဈေး ဝယ်တဲ့နေရာတွေမှာ အသုံးပြုနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကဒ်စနစ်ကိုသွားဖို့ လုပ်နေတယ်။ ဒီကဒ်ကိုအချိန်ယူနေရတာက နောက်နောင်ကို ဘတ်စ် ကားပဲစီးစီး၊ Water Bus ပဲစီးစီး၊ မီးရထားပဲစီးစီး၊ နောက်ပြီး ဈေးဝယ်တဲ့နေရာမှာလည်း အသုံးပြုလို့ရအောင်လို့ စနစ်တကျနဲ့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

အဲဒီ ကဒ်ကိုပြည်သူလူထုကြားမှာ လွယ်လွယ်ကူကူနဲ့ဆောင်ရွက်နိုင်ဖို့ လက်လှမ်းမှီနိုင်အောင် ကြိုးပမ်းပေးသွား မှာဖြစ်ပြီး ကားမှတ်တိုင်တွေမှာဝယ်ယူလို့ရနိုင်အောင်အထိ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အစောပိုင်းကာလမှာတော့ ကဒ်စနစ်နဲ့မဟုတ်ဘဲ ငွေနဲ့ပေးချေရတဲ့ငွေပုံးစနစ်ကို ဆက်လက်ထားရှိဦးမှာဖြစ်ပါ တယ်။ အခု ရန်ကုန်တိုင်းမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အရင်နှစ်ကထက် တိုးတက်ကောင်းမွန်လာတယ် လို့ပြောရမှာပါ။”လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။

အဲဒီကဒ်စနစ်နဲ့ စီးနိုင်မယ့် Yangon Water Bus ကိုလည်း ငမိုးရိပ်ချောင်းထဲမှာ လမ်းကြောင်းသစ်ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“Water Bus ဟာ လောလောဆယ်တော့ ရန်ကုန်မြစ်အတွင်းမှာဘဲ သွားလာနိုင်သေးပါတယ်။ မကြာခင်မှာ င မိုးရိပ်ချောင်းအတွင်းမှာ သွားလာနိုင်ဖို့အတွက်ကို စစ်ဆေးနေပါတယ်။ အခုကွင်းဆင်းကြည့်ပြီး လိုအပ်ချက်တွေ ကို ဖြည့်ဆည်းဆောင်ရွက်နေပါတယ်။”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ငမိုးရိမ်ချောင်းထဲ Yangon Water Bus ပြေးဆွဲနိုင်ဖို့ကို လုံခြုံစိတ်ချအောင်ေ့ပြးဆွဲနိုင်ဖို့ လေ့လာတာတွေလုပ် နေပြီးတော့ ငမိုးရိပ်ချောင်းထဲမှာရှိတဲ့ တချို့တံတားဟောင်းတွေကို ဖျက်သိမ်းဆောင်ရွက်တာ မပြီးသေးလို့ မပြေးဆွဲနိုင်သေးတာလို့ သိရပါတယ်။

YBS မှာ ကဒ်နဲ့ ငွေပေးချေတဲ့စနစ်ကု ိစတင်မယ်လို့ တိုင်းအစိုးရအဖွဲ့ က ပြောခဲ့ပေမဲ့လည်း အခုအချိန်ထိ
အကောင်အထည်မဖော်နိုင်သေးတာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာတော့ YBS စီးတဲ့အချိန် အကြွေမပါတဲ့ ခရီးသည်တွေဟာ အပေါက်ဝမှာစောင့်ပြီး အကြွေ
စောင့်ယူရတာ၊ YBS စီးဖို့အတွက်ကို အကြွေတွေ သီးသန့်ချန်ထားနေရတာတွေ ရှိနေတယ်လို့ ဘတ်စ်ကားစီးတဲ့
ခရီးသည်တွေက ပြောနေကြပါတယ်။