YBS ရငွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ခွင့်ပြုချက်နဲ့စစ်ခွင့်ရဖို့ အဆိုတင်သွင်းမယ်

0
133
YBS
YBS

ဇွန်လ(၁၇)ရက်၊ ၂၀၁၉။

YBS ဘတ်(စ)ကားတွေကနေရနေတဲ့ ရငွေတွေကို စစ်ဆေးနိုင်ဖို့ အဆိုတစ်ခုတင်သွင်းသွားမယ်လို့ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။

ဇွန်(၁၇)ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဘဏ္ဍာရေးနဲ့
စီမံကိန်းဝန်ကြီးက YBS ရငွေတွေကိုစစ်ဆေးဖို့ ပြည်ထောင်စုစာရင်းစစ်ချုပ်က ခွင့်ပြုပေးမှဖြစ်နိုင်မယ်ဆို
တာကြောင့် စစ်ဆေးခွင့်ရနိုင်အောင် အဆိုတင်သွင်းသွားမယ်လို့ သိရပါတယ်။

“YBS ကားအစီး(၆၀၀၀)ကရနေတဲ့ငွေတွေကို YBPC နဲ့ YUPT မှာရှိတဲ့ ငွေတွေနဲ့ သွားရောလို့မရဘူး။ အခုက ငါတို့ကြီးကြပ်တာပဲဆိုပြီး လုပ်လို့မရဘူး။ ကုမ္ပဏီ(၁၈)ခုရှိတယ်။ ဒါသူတို့ ပိုင်ဆိုင်တဲ့ငွေ သူတို့ဝန်ထမ်းတွေရဲ့ သာရေး၊ နာရေးသုံးမယ်။ အခြားလိုအပ်တဲ့ဟာတွေသုံးဖို့၊ ဒီငွေတွေနဲ့ ရင်းနှီးမြှပ်နှံထားတဲ့ မီလီယံ(၇၀)နဲ့ သွား ရောလို့မရဘူး။ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ဆိုတာစစ်ရမှာပေါ့။ မစစ်နိုင်ဘူးဆိုတာတော့ သဘောမကျဘူး။ ကုမ္ပဏီနှစ်ခုလုံးကို စစ်နိုင်ရမယ်။ စစ်နိုင်ခွင့်ရှိအောင် အဆိုတစ်ခုတင်သွင်းသွားမယ်အဆို တင်မှရတော့မှာပေါ့။” လို့ ဦးကျော်ဇေယျကပြောပါတယ်။

အဲဒီစစ်ဆေးခွင့်နဲ့ပတ်သက်ပြီး ဦးကျော်ဇေယျက ပြည်သူတွေရင်းနှီးမြှပ်နှံထားတဲ့ ရငွေတွေကို ရန်ကုန်တိုင်း
ဒေသကြီးစာရင်းစစ်ချုပ်အေနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနဲ့ညီအောင် စစ်ဆေးဖို့ကို လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

“အများပိုင်ကုမ္ပဏီများဖြစ်တဲ့အတွက် ကုမ္ပဏီဥပဒေအရ ကုမ္ပဏီတွေကခန့်အပ်တဲ့ စာရင်းစစ်အဖွဲ့ကပဲ စစ်ဆေး လို့ရပါတယ်။ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ကနေ နိုင်ငံတော်စာရင်းစစ်ချုပ်ရဲ့ ခွင့်ပြုချက်နဲ့ စစ်ရင်ရပါတယ်။ အဲဒါ ကြောင့်မို့ ဒီစစ်ဆေးတဲ့ အစီအစဉ်တွေဟာ စနစ်တကျရှိကြောင်းပါ။”လို့ ဝန်ကြီးဦးမြင့်သောင်းက ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

အရင်က YBS စနစ် တန်ဖိုးလျော့ရာခိုင်နှုန်းကို(၁၂.၅)ရာခိုင်နှုန်းသတ်မှတ်ထားပြီး အရင်းကြေကာလကို(၈)နှစ် လို့ သတ်မှတ်ထားခဲ့တာဖြစ်ပေမဲ့ အခု တန်ဖိုးလျော့ရာခိုင်နှုန်း(၂၀)ရာခိုင်နှုန်းသတ်မှတ်ထားပြီး အရင်ကြေ ကာလကို (၅)နှစ်အဖြစ်သတ်မှတ်ထားလို့လည်း ဝန်ကြီးကပြောပါတယ်။

အခုအချိန်မှာတော့ YBS ယာဉ်လိုင်ပေါင်း ၁၀၀ ဝန်းကျင် ကားစီးရေပေါင်း (၆၀၀၀)ကျော်နဲ့ပြေးဆွဲနေပြီး
ကတ်စနစ်နဲ့ ငွေပေးချေတဲ့စနစ်ကိုအသုံးပြုသွားတော့မယ်လို့လည်း ဝန်ကြီးချုပ်က ဒီလထဲမှာ
ပြောထားပါသေးတယ်။